Pages

Monday, May 31, 2010

ကျိန်စာသင့်သော .........


အမြင်စောင်းစောင်းတွေနဲ့
အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့
နင့်အမူအကျင့်တွေကို
မမြင်မသိလောက်အောင်
ငါ...တုံးအလွန်ခဲ့တယ်။

အမြဲ တဖောင်းဖောင်းနဲ့
တစ်ထောင်းထောင်းထွက်နေတဲ့
နင့်ဒေါသတွေကို မမြင်မိလောက်အောင်
ငါ...ရိုးလွန်ခဲ့တယ်။

ကဲ...အခုတော့
နင့်ထားရာနေ စေရာသွား
နင်အသုံးချတိုင်း အသုံးကျခဲ့တဲ့ငါ့အတွက်
လမ်းခွဲချိန် နင့်စကားက
သိပ် အ လွန်းတယ် တဲ့လားကွယ်။
ခေါင်းစဉ်မရှိခြင်း

ဘာသာတွေခြားနေရင်
မချစ်ရဘူးဆိုတဲ့
နိယာမကြီးကို......မုန်းတယ်။

အခြေအနေတွေကွာလွန်းရင်
မချစ်သင့်ဘူးဆိုတဲ့
လောကကြီးကို.....မုန်းတယ်။

တစ်နယ်စီးကွာဝေးနေလို့
မချစ်တော့ဘူးလားဆိုတဲ့
ချစ်သူကိုလဲ............မုန်းတယ်။

ဘာသာတွေခြား အခြေအနေတွေကွာဝေးလို့
တစ်နယ်စီခွဲခွာနေကြရတဲ့
တို့နှစ်ယောက်အတွက်
ခုချိန်ထိ မျက်နှာသာ မပေးခဲ့တဲ့
. ကံကြမ္မာ. ဆိုတာကြီးကိုလဲ
သိပ် သိပ် မုန်းတယ်ကွ။ ။
ဧဒင်ဥယျာဉ်ထဲက အလွမ်း


အာဒံရဲ့ ပန်းသီးတစ်လုံး
ဝေစားခဲ့ မိတာ
အပြစ်တစ်ခုမဟုတ်ပါဘူး
အချစ်ကိုသက်သေပြခဲ့ တဲ့
သမိုင်းရဲ့ မှတ်တိုင်တစ်ခုပါ။

မင်းလှမ်းခဲ့တဲ့ ပန်သီး
အဆိပ်လူးထားမှန်းသိရက်နဲ့
တစ်စုံတစ်ရာသော မျှော်လင့်ခြင်းရေးရေးလေးနဲ့
ဧ၀ လက်သစ်လုပ်ခဲ့ မိတဲ့ငါပါ။

အချစ်ဆိုတာကို
သစ္စာတရားနဲ့ ပေါင်းစည်းမမြင်နိုင်တဲ့
နင့်ကိုမှ ချည်နှောင်ခွင့်ရချင်ခဲ့ မိတဲ့ ငါ့အတွက်
မှီခိုစရာ ကောက်ရိုးလေးတစ်မျှင်တောင်
ယနေ့ထိ မတွေ့နိုင်သေးသူပါ။

အခုတော့လည်း....
ဧ၀ လက်သစ်ဖြစ်ချင်တဲ့ ငါ့လေ
အာဒံဆိုတာကိုတောင်မကြားဖူးခဲ့တဲ့ နင့်ကိုမှ
ဧဒင်ဥယျာဉ်ထဲမှာ
ချစ်ခြင်းကိုသက်သေပြုတဲ့ ပန်းသီးတစ်လုံးအဖော်ပြုရင်း
စောင့်စားနေမိဆဲပါ ။ ။

Sunday, May 30, 2010

ကျောင်းပုံပြင်

နေရစ်ခဲ့တော့
ကျောင်းတော်ကြီးရေ................

ဒီနေရာမှာပဲ
မျက်စိသူငယ် နားသူငယ်နဲ့
အလွဲလွဲအချော်ချော်
ဒုက္ခတွေ ထည်လဲတွဲရင်း
ငါတို့ စတင်ဆုံဆည်းခဲ့ကြတာပေါ့။

ဒီနေရာမှာပဲ
အသည်းတံခါးကိုအကြိမ်ကြိမ်ခေါက်
တိမ်ရောင်စုံတောက်တဲ့ နေ့တွေမှာ
ကျောက်စခန်းကို အခေါက်ခေါက်ရောက်ခဲ့ကြတယ်။

ဒီနေရာမှာပဲ
အလွဲတွေ အင်္သချေနဲ့
အသဲတွေ ခဏခဏကွဲတော့
တွဲစရာတွေ ကိုယ်စီပျောက်ရင်
၁၇ မိုင်ကို အရက်သောက်ရောက်ခဲ့တယ်။

ဒီနေရာမှာပဲ
အိတ်တွေအခါခါ ပေါက်သလို
ပိုက်ဆံတွေ အခါခါပြတ်တော့
အဒေါ် အဖွား၊ဆွေမျိုးတွေနဲ့
အမေပိုက်ဆံအိပ်ထဲ့ အခါခါနိုက်ခဲ့ရတယ်။

ဒီနေရာပဲ
သူ့အပူကို ကိုယ့်အပူလိုဝေမျှ
ညီမျှစွာချစ်ရင်း
မောင်နှမလို နွေးထွေးမူ့နဲ့
အကြွေးတွေလဲ အပေးအယူမျှခဲ့ကြတယ်။

ဒီနေရာမှာပဲ
စာတွေအတူတူကျက်ရင်း
ပါလာတွေ မျှော်တော်စိုက်လို့
ပေါ်လာရင် ၀ယ်သမျှတွေ ချကာကျွေးတော့
ဆိုသမျှ သီချင်းတွေက သိပ်ကောင်းတယ်လို့
ဝမ်းမြောက်စွာ အားပေးခဲ့ကြတယ်။

ဒီနေရာမှာပဲ
ညနေဆို ရွှေရောင်တောက်ရင်
ကောင်းမလေးတွေ ငေးကာကြည့်မိ
သိမ်တော်ကြီးထဲ ရောက်ခဲ့တယ်။

ဒီနေရာမှာပဲ
အတွဲမရှိတော့
အားကျကာ ပျော်ချင်စိတ်နဲ့
ပြောပြရင် ယုံနိုင်စရာမရှိတဲ့
အတွဲတွေ သိပ်ကိုများသော
ကျောက်စခန်းသို့လဲ အရောက်လှမ်းခဲ့ ကြတယ်။

ဒီနေရာမှာပဲ
အဆင်မပြေတာအကြိမ်ကြိမ်တွေ့တော့
လိုသမျှတွေ အဆင်ပြေဖို့
ရွေကျေးနားလဲ အတူတူရောက်ခဲ့ကြတယ်။

ဒီနေရာမှာပဲ
စာမရတာသိပ်ကိုများတော့
ဘေးဘီကြည့်ကာနောက်ကို မေးတယ်
(နင့်ရရင်ငါကို ပြဦးလို့)
ဆရာလစ်ရင် ကော်ပီလဲ ကူးခဲ့ကြတယ်။

ဒီနေရာမှာပဲ
သုံးနှစ်တာ ကျင်လည်ခဲ့ပေမဲ့
အတွေးယှက်လို့ အရွေးခက်ခဲ့ ကြတော့
နောက်ဆုံးမှာ တိုင်ကွယ်ကာ ဖိုင်နယ်တန်းမို့
အိမ်အပြန်လမ်းမှာ အလွမ်းတွေနဲ့
အပေါင်းအသင်းတွေ ရောင်းရင်းဆွေများနဲ့
ပျော်ခဲ့တဲ့ နှစ်ကာလတွေကို
ဗန်းမော် computer college ကြီးနဲ့အတူ
ရင်မှာ ယနေ့ထိ သတိရနေဆဲပါ ။ ။
(ကျောင်းတော်ကြီးနှင့် သူငယ်ချင်းများစွာကို အစဉ်သတရ လျက် )
ရန်ရှင်းကို
လွဲမှာခြင်း

အဲဒီ မျက်ဝန်းတွေပေါ့
ငါ့ရင်ကို ပရမ်းပတာခုန်လှုပ်
ငါ့လို့လူသားတစ်ယောက်ကို
တုန်လှုပ်စေခဲ့တာ။

အဲဒီ မျက်ဝန်းတွေပေါ့
ငါ့အိမ်မက်တွေကို အသက်သွင်းပြီး
အိပ်စက်ခြင်းတွေကို
ပျောက်ဆုံးစေခဲ့တာ။

အဲဒီ မျက်ဝန်းလေးရဲ့
ချိုမြိန်ခြင်းတွေစားသုံးရင်း
ငါရင်တွေ အလိုလိုပြည့်
စားသောက်ဖို့လဲ မေ့ခဲ့တယ်။

အခုတော့
အအိပ်ပျက် အစားပျက်နဲ့
အိမ်မက်တွေကိုသာ အခါခါမက်ရင်း
လက်တွေ့မှာ တကယ်ဖြစ်မလာမှ
ရင့်နင့်စွာသိလိုက်ရတာက
ငါဟာ
ဘာသာပြန်လွဲမှားခဲ့ သူပါလားကွယ်။
မျှော်တလင့်လင့်
မမျှော်မှန်းထိုက်ဘူးလား
ခေါ်မလွမ်းထိုက်ဘူးလား
စောင့်ရသူ မျှော်လင့်ခန်းမှာ
လွမ်းရလျှက်ပါ။

မခြူထိုက်ဘူးလား
မယူထိုက်ဘူးလား
ပန်းကြိုက်သူ မျှော်လင့်ခန်းမှာ
စောင့်ရလျှက်ပါ။

မပိုင်ထိုက်လေသလား
မဆိုင်ထိုက်လေသလား
ချစ်ရသူ မျှော်လင့်ခန်းမှာ
နွမ်းလျ လျှက်ပါ။

အချိန်တွေသာကြာ
အကြင်နာတွေပြန်မလာတော့
ပန်းဦးမွန်လွင့်ကြွေစောလေမလားလို့
ခံစားရသူရင်အမောမှာ
သောက၀န်ပိ။ ။

Wednesday, May 5, 2010

ကျတတ်လွန်သော စိတ်ဓါတ်များအကြောင်း
တခါတရံတွင် သင်သာမက လူတိုင်းလူတိုင်း စိတ်ဓါတ်ကျတတ်ပါသည်။ လူတိုင်းလူတိုင်းတော့ ကျသွားသည်စိတ်ဓါတ်များကို ပြန်လည်ကောက်ယူဖို့ ခက်ခဲကြပေလိမ့်မည်။ အများစုသည် ထိုအတိုင်းပင် ကျွန်တော်ကိုယ်တိုင်လဲပါ ပါသည်။ ကဲ..ဒါဆို ကျွန်တော်တို့ကျသွားတောစိတ်ဓါတ်များကို ပြန်ကောက်ယူကြရအောင် ဘယ်လို့စွမ်းဆောင်ကြမလဲ....
ဆရာပီမိုးနင်းပြောခဲ့တဲ့စကားကို နန္ဒာသိမ်းဇံစာအုပ်မှ ကျွန်တော်ဝေငှပါရစေဗျာ...‘ကျသွားရင် ပြန်ကောက်ယူထား၊အဲဒါပျောက်လို့တော့မဖြစ်ဖူး၊ဘယ်နေရာမှာမှ မလျှော့ဘူးဆိုတဲ့ စိတ်ဓါတ်ရှိနေတာဟာ ရတနာသိုက်ကိုဖွင့်တဲ့ ‘သော့’ ကိုရနေတာလိုပဲ၊
ရတနာတွေရရင် ကိုယ်လိုချင်တာကို ရနိုင်တာပဲ၊ အဲဒီသော့ကိုတော့ ကျမပျောက်စေနဲ့၊ ကျသွားရင် ပြန်ရှာပြီးပြန် ကောက်ထား’ တဲ့၊ ဟုတ်တယ် မလျှော့ဘူးဆိုတဲ့စိတ်ဓါတ်ရှိနေမှ လောကီအလုပ်ရော၊ လောကုတ္တရာအလုပ်တွေမှာပါ အောင်မြင်နိုင်တာ၊ အဲဒီစိတ်ဓါတ်ကျသွားပြီး၊ပျောက်သွားပြီးဆိုရင်တော့ ဘယ်နေရာမှာမှ မအောင်မြင်တော့ဘူး၊စိတ်ဓါတ်ကျသွားရင် လူမှာရောဂါတွေပါရပြီး ဘ၀ဆုံးသွားတော့တာပဲတဲ့ ’ ကဲဒါဆို ကျွန်တော်တို့ စိတ်ဓါတ်တွေဟာ ဘ၀အတွက် အရေးကြီးတာကို သိနိုင်ပါတယ်နော်. စိတ်ထောင်တော့ ကိုယ်ကြေတတ်တယ်တဲ့ ..ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ကျတတ်လွန်းသောစိတ်ဓါတ်များကို အကောင်းဆုံးမြင့်တင်ကြရအောင်..