Pages

Monday, May 31, 2010

ကျိန်စာသင့်သော .........


အမြင်စောင်းစောင်းတွေနဲ့
အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့
နင့်အမူအကျင့်တွေကို
မမြင်မသိလောက်အောင်
ငါ...တုံးအလွန်ခဲ့တယ်။

အမြဲ တဖောင်းဖောင်းနဲ့
တစ်ထောင်းထောင်းထွက်နေတဲ့
နင့်ဒေါသတွေကို မမြင်မိလောက်အောင်
ငါ...ရိုးလွန်ခဲ့တယ်။

ကဲ...အခုတော့
နင့်ထားရာနေ စေရာသွား
နင်အသုံးချတိုင်း အသုံးကျခဲ့တဲ့ငါ့အတွက်
လမ်းခွဲချိန် နင့်စကားက
သိပ် အ လွန်းတယ် တဲ့လားကွယ်။

No comments:

Post a Comment