Pages

Sunday, May 30, 2010

လွဲမှာခြင်း

အဲဒီ မျက်ဝန်းတွေပေါ့
ငါ့ရင်ကို ပရမ်းပတာခုန်လှုပ်
ငါ့လို့လူသားတစ်ယောက်ကို
တုန်လှုပ်စေခဲ့တာ။

အဲဒီ မျက်ဝန်းတွေပေါ့
ငါ့အိမ်မက်တွေကို အသက်သွင်းပြီး
အိပ်စက်ခြင်းတွေကို
ပျောက်ဆုံးစေခဲ့တာ။

အဲဒီ မျက်ဝန်းလေးရဲ့
ချိုမြိန်ခြင်းတွေစားသုံးရင်း
ငါရင်တွေ အလိုလိုပြည့်
စားသောက်ဖို့လဲ မေ့ခဲ့တယ်။

အခုတော့
အအိပ်ပျက် အစားပျက်နဲ့
အိမ်မက်တွေကိုသာ အခါခါမက်ရင်း
လက်တွေ့မှာ တကယ်ဖြစ်မလာမှ
ရင့်နင့်စွာသိလိုက်ရတာက
ငါဟာ
ဘာသာပြန်လွဲမှားခဲ့ သူပါလားကွယ်။

No comments:

Post a Comment