Pages

Monday, May 31, 2010

ဧဒင်ဥယျာဉ်ထဲက အလွမ်း


အာဒံရဲ့ ပန်းသီးတစ်လုံး
ဝေစားခဲ့ မိတာ
အပြစ်တစ်ခုမဟုတ်ပါဘူး
အချစ်ကိုသက်သေပြခဲ့ တဲ့
သမိုင်းရဲ့ မှတ်တိုင်တစ်ခုပါ။

မင်းလှမ်းခဲ့တဲ့ ပန်သီး
အဆိပ်လူးထားမှန်းသိရက်နဲ့
တစ်စုံတစ်ရာသော မျှော်လင့်ခြင်းရေးရေးလေးနဲ့
ဧ၀ လက်သစ်လုပ်ခဲ့ မိတဲ့ငါပါ။

အချစ်ဆိုတာကို
သစ္စာတရားနဲ့ ပေါင်းစည်းမမြင်နိုင်တဲ့
နင့်ကိုမှ ချည်နှောင်ခွင့်ရချင်ခဲ့ မိတဲ့ ငါ့အတွက်
မှီခိုစရာ ကောက်ရိုးလေးတစ်မျှင်တောင်
ယနေ့ထိ မတွေ့နိုင်သေးသူပါ။

အခုတော့လည်း....
ဧ၀ လက်သစ်ဖြစ်ချင်တဲ့ ငါ့လေ
အာဒံဆိုတာကိုတောင်မကြားဖူးခဲ့တဲ့ နင့်ကိုမှ
ဧဒင်ဥယျာဉ်ထဲမှာ
ချစ်ခြင်းကိုသက်သေပြုတဲ့ ပန်းသီးတစ်လုံးအဖော်ပြုရင်း
စောင့်စားနေမိဆဲပါ ။ ။

No comments:

Post a Comment